Thursday, April 3, 2014
၂၂။ ချောင်းရေ (၅)ခု
ဟဇရသ် အဗူစအီးဒ်ခွဒ်ရီ(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ ၎င်းက တမန်တော်မြတ်(ဆွ) ဤသို့မိန့်တော်မူသည်ကို ကြားခဲ့သည်။ နမာဇ်ငါးကြိမ်သည် ကြားကာလအချိန်များ၌ တင်ရှိခဲ့သော် ဂိုနာဟ်များကို ပယ်ဖျက်ပေးသည်။ ဆိုလိုသည်မှာ နမာဇ်တစ်ကြိမ်နှင့် အခြားနမာဇ်အကြားတင်ရှိခဲ့သော (ဆွဂီရဟ်)သေးငယ်သော အပြစ်ဂိုနာဟ်များသည် နမာဇ်၏ ဗရ်ကသ်ဖြင့် ခွင့်လွှတ်ချမ်းသာရရှိပေသည်။ ၎င်းနောက်တမန်တော်မြတ်(ဆွ) က အမိန့်ရှိတော်မူသည်။ အကြင်သူတစ်ဦးထံ အလုပ်ရုံရှိသည်။ ၎င်းအလုပ်ရုံများ၌ လုပ်ငန်းများလုပ်ကိုင်သည်။ ထိုသူ၏ အလုပ်ရုံနှင့် အိမ်၏အကြား၌ ရေချောင်း(၅)ခုရှိသည်။ထိုသူသည် အလုပ်ရုံ၌ လုပ်ငန်းများလုပ်ကိုင်သောအခါ၌ ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ အညစ်အကြေးများစွန်းပေသွားသည်။ သို့မဟုတ် ချွေးများဖြင့် စိုရွှဲသွားသည်။ ပြီးနောက် အိမ်သို့ပြန်ရာတွင် ၎င်းရေချောင်း(၅)ခုစလုံး၌ ရေချိုးသန့်စင်ရင်းဖြင့် ပြန်လာသည်။ ဤကဲ့သို့ (အကြိမ်ကြိမ်ရေချိုးခဲ့သဖြင့်) ၎င်းသူ၏ ခန္ဓာကိုယ်၌ အညစ်အကြေးများမကျန်ရှိတော့ပေ။ ဤအခြေအနေမျိုးသည် နမာဇ်ပင်ဖြစ်ပေသည်။၎င်းမှာ အပြစ်ဂိုနာဟ်တစ်စုံတစ်ရာ ကျူးလွန်ပြစ်မှားမိခဲ့လျှင် ဒိုအာအစ္စသစ်ဂ်ဖာရ်ပြုလုပ်သဖြင့် အလ္လာဟ်(စွဗ်ဟာနာသအာလာ)က နမာဇ်မဖတ်မီအလျင်က ကျူးလွန်ပြစ်မှားမိခဲ့သော အပြစ်ဂိုနာများကို ခွင့်လွှတ်ချမ်းသာပေးတော်မူပေသည်။
Wednesday, March 12, 2014
၂၁။ ညနောက်ဆုံးယံ
ဟဇရသ် အဗူအုမာမဟ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်။ ၎င်းက တမန်တော်မြတ်(ဆွ) အား ယာရစူလလ္လာဟ်(ဆွ) မည်သည့်အချိန်၌ပြုသော ဒိုအာဆုမွန်သည် လက်ခံကဗူလ်ပြုခြင်း ခံရသနည်းဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွ)က ည၏နောက်ဆုံးပိုင်းအချိန် နှင့် ဖရပ်ဇ်နမာဇ်များ ၀တ်ပြုပြီးနောက် ဖြစ်ပေသည်ဟု မိန့်ကြားပေသည်။ (သစ်ရ်မေဇီ)
၂၀။ ပထမဦးဆုံး နမာဇ်သင်
ဟဇရသ် အဗူမာလစ်က် အရှ်ဂျအီ(ရသွေ့) သည် မိမိဖခင်မှ တစ်ဆင့် ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) ၏ ခေတ်သမယတွင် အကြင်သူသည် မွတ်စ်လင်မ်အဖြစ်ခံယူလိုက်လျှင် ဆွဟာဗဟ်များက ပထမဦးဆုံး နမာဇ်ကို သင်ကြားပေးလေ့ရှိပေသည်။ (တွဗ်ရာနီ)
၁၉။ ဖစ်ရ်အောင်၊ ဟာမန်တို့နှင့်အတူ
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ တစ်နေ့တွင် တမန်တော်မြတ်(ဆွ)သည် နမာဇ်၏အကြောင်းဟောကြားရင်းဖြင့် အမိန့်ရှိတော်မူသည်။ အကြင်သူသည် နမာဇ်ကို အထူးဂရုစိုက်ခဲ့လျှင် ထိုနမာဇ်သည် ထိုသူ့အတွက် ကိယာမသ်နေ့တွင် နူးရ်အလင်းရောင်ဖြစ်လာပေမည်။ ၎င်းသူ၏ (အီမာန်ပြည့်စုံကြောင်း) အထောက်အထားဖြစ်ပေမည်။ ၎င်းအပြင် ထိုသူအဖို့ ကိယာမသ်နေ့တွင် အပြစ်ဒဏ်မှ လွတ်ကင်းရန်အကြောင်းခံဖြစ်ပေမည်။ အကြင်သူသည် နမာဇ်ကို ဂရုမစိုက်ခဲ့ပါလျှင် ထိုနမာဇ်သည် ထိုသူအဖို့ ကိယာမသ်နေ့တွင် နူးရ်အလင်းရောင်ဖြစ်မည်မဟုတ်။ (ထိုသူ၏ အီမာန်ပြည့်စုံကြောင်း) မည်သည့်အထောက်အထားမျှ ရရှိမည် မဟုတ်ချေ။ အပြစ်ဒဏ်မှ လွတ်ကင်းရန် မည်သည့်အကြောင်းခံမျှ ရရှိမည်မဟုတ်။ ၎င်းနောက် ထိုသူသည် ကိယာမသ်နေ့တွင် ဖစ်ရ်အောင်၊ဟာမန်၊ ၎င်းပြင် အုဗိုင်ဗင်န်ခလဖ်တို့နှင့်အတူ ရှင်ပြန်ထရမည်။ (မွတ်စ်နဒ်အဟ်မဒ်)
Tuesday, March 11, 2014
၁၈။ မေ့လျော့သူမဖြစ်
ဟဇရသ် အဗူဟုရိုင်ရဟ်(ရသွေ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် ဖရပ်ဇ်နမာဇ်(၅) ကြိမ်ကို စွဲမြဲစွာဆောက်တည်ခဲ့လျှင် ၎င်းသူသည် အရှင်မြတ်၏ အိဗာဒသ်မှုများ၌ မေ့လျော့ပေါ့ဆသူများတွင် မပါဝင်တော့ချေ။ (အိဗ်နေခိုဇိုင်မဟ်)
Wednesday, March 5, 2014
၁၇ ကဗီရဟ် မကျူးလွန်ထားလျှင်
ဟဇရသ် အဗူဟုရိုင်ရဟ် (ရသွေ့) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ﷺ) အမိန့်ရှိတော်မူသည်။ ငါးကြိမ်နမာဇ်၊ ဂျုမုအဟ် နေ့၏နမာဇ်သည်
နောက်အပတ် ဂျုမုအဟ် နေ့အထိ လည်းကောင်း ၊ ရမ်ဇာန်လမြတ်၏ ရိုဇဟ်သည် နောက်နှစ် ရမ်ဇာန်
လမြတ်၏ ရိုဇဟ် အထိ ကြားကာလအချိန်များ၌ တင်ရှိခဲ့သော ဂိုနာဟ်များအားလုံးကို ပယ်ဖျက်ပေးသည်။
သို့ရာတွင် ဤသို့ ကျင့်သုံးဆောက်တည်သူသည် ဂိုနာဟ် ကဗီရဟ် (ကြီးလေးသော အပြစ်) များမှ
ရှောင်ကြဉ်သူဖြစ်ရမည်။ (မွတ်စ်လင်မ်)
၁၆ သစ်ရွက်များကြွေသကဲ့သို့
ဟဇရသ် စလ်မာန် (ရသွေ့) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ﷺ) အမိန့်ရှိတော်မူသည်။ အကြင်မွတ်စ်လင်မ်သည် ကောင်းမွန်ကျနစွာ
ဝိုဇူ ရေသန့်စင်သည်။ ပြီးလျှင် နမာဇ် (၅) ကြိမ် ၀တ်ပြုခဲ့လျှင် ၄င်း၏ အပြစ်ဂိုနာဟ်များသည်
သစ်ရွက်များ ကြွေသကဲ့သို့ ကျသွားပေသည်။ ပြီးနောက် တမန်တော်မြတ် (ﷺ) က ကုရ်အာန်
ကျမ်းတော်မြတ်မှ ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ ၄င်းမှာ…
အို.. မုဟမ္မဒ်၊ အသင်သည် နေ့၏ အစွန်းနှစ်ဖက် အကြားနှင့် ည၏ အချို့သော အစိတ်အပိုင်းများ၌
နမာဇ်ကို ဆောက်တည်ပါ။ မုချဧကန် ကောင်းမှုသည် မကောင်းမှုကို ဝေးကွာသွားစေပါသည်။ ဤသည်ကား
ပြည့်စုံသော ဆုံးမစကားဖြစ်သည်။
ရှင်းလင်းချက်။ ။ အချို့သော အာလင်မ် သာသနာ့ပညာရှင်များထ့တွင် အစွန်းနှစ်ဖက်ဟူသည်မှာ
အချိန်ပိုင်း နှစ်ခုကို ဆိုလိုပေသည်။ ပထမအချိန်ပိုင်းမှာ ဖဂျရ် နမာဇ်ဖြစ်၍ ဒုတိယအချိန်ပိုင်းမှာ
ဇိုဟိုရ်နှင့် အဆွရ် နမာဇ်များကို ဆိုလိုပေသည်။ ည၏ အချို့အချိန်ပိုင်း နမာဇ်ဆိုသည်မှာ
မဂ်ရိဗ်နှင့် အိရှာဟ နမာဇ်များကို ဆိုလိုပေသည်။
(အိဗ်နေကစီးရ်)
၁၅ နမာဇ်က တားမြစ်
ဟဇရသ် ဂျာဗိရ် (ရသွေ့) က ဆင့်ပြန်ခဲ့သည်။
တစ်ဦးတစ်ယောက်သည် တမန်တော်မြတ် (ﷺ) အား လျှောက်ထားသည်။ ယာရစူလလ္လာဟ်
(ﷺ) အကြင်သူသည် ညတွင် နမာဇ်ကို များစွာဖတ်ပါသည်။ သို့သော နံနက်မိုးလင်းသည်နှင့်
ခိုးဝှက်သော အမှုကို ကျူးလွန်ပါသည်ဟု လျှောက်ထားလေရာ တမန်တော်မြတ်(ﷺ) က မကြာမီကာလအတွင်း
ထိုသူ၏ နမာဇ်က ထိုသူအား ယင်းမကောင်းမှုမှ တားမြစ်ပေးလိမ့်မည်။
Sunday, March 2, 2014
၁၄။ နမာဇ် အောင်မြင်လျှင်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်ကုရ်တွ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ ကိယာမသ်နေ့တွင် အားလုံးထက်အလျင် နမာဇ် စစ်ဆေးတော်မူလိမ့်မည်။ အကယ်၍ ၎င်းနမာဇ်တွင် အောင်မြင်ခဲ့လျှင် ကျန်သောအမလ်များသည် အောင်မြင်မှုရရှိပေလိမ့်မည်။ အကယ်၍ ၎င်းနမာဇ်တွင် ပျက်စီးဆုံးရှူံးမှုနှင့် ရင်ဆိုင်ခဲ့ရလျှင် ကျန်ရှိသော အမလ်အားလုံးတွင်လည်း ဆုံးရှူံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
၁၃။ အရေးကြီးသောတာဝန်
ဟဇရသ် အွတ်စ်မာန်ဗင်န်အဖ်ဖားန်(ရသွေ့)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် နမာဇ်ကို အရေးကြီးသောတာဝန်အဖြစ် သတ်မှတ်ထားလျှင် ၎င်းသူဂျန္နတ်သို့ဝင်ရောက်ရပေမည်။ (မွတ်စ်နဒ်အဟ်မဒ်)
Friday, February 28, 2014
၁၂။ အချိန်ကို အလေးမထားလျှင်
ဟဇရသ် အဗူကသာဒဟ် (ရသွေ့) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) အမိန့်ရှိတော်မူသည်။ အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ)
က အမိန့်ရှိတော်မူသည်။ ငါအရှင်သည် အသင်၏ အွမ္မသ်သားများ အပေါ် (၅) ကြိမ် နမာဇ်ကို ဖရပ်ဇ်အဖြစ်
သတ်မှတ်တော်မူသည်။ အကြင်သူသည် ၄င်းငါးကြိမ် နမာဇ်ကို သတ်မှတ်ချိန်များ၌ ဂရုတစိုက် ဆောက်တည်
ကျင့်သုံးသည့်အဖြစ်နှင့် ငါအရှင့်ထံတော်သို့ ပြန်လာခဲ့သောအခါ ၄င်းသူအား ဂျန္နသ်တို့
ဝင်ခွင့်ပြုပါရန် ငါအရှင် တာဝန်ယူတော်မူသည်။ အကြင်သူသည် ငါးကြိမ်နမာဇ်ကို အလေးမထား
ဂရုမစိုက်ဘဲ နေခဲ့ပါမူ အရှင်မြတ်ထံ၌ ၄င်းသူနှင့်ပက်သက်၍ မည်သို့သော တာဝန်မျှမရှိချေ။
(ခွင့်လွှတ်လိုက ခွင့်လွှတ်မည်။ သို့မဟုတ် အပြစ်ပေးလိုက အပြစ်ပေးမည်။၊) (အဗူဒါဝူဒ်)
Tuesday, February 25, 2014
၁၁။ အချိန်ကို သတိပြု
ဟဇရသ် ဟန်ဇွလဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ အကြင်သူသည် နမာဇ်(၅)ကြိမ်ကို ဤကဲ့သို့စွဲမြဲစွာ ၀တ်ပြုတော်မူသည်။ ၎င်းမှား ၀ိုဇူ ကိုလည်းကောင်း၊ အချိန်ကိုလည်းကောင်း ဂရုစိုက်သည်။ ရုကူအ်နှင့်စဂ်ျဒဟ်တို့ကို ကောင်းမွန်စွာ ပြုလုပ်သည်။ ၎င်းနောက် အရှင်မြတ်အတွက် ဤကဲ့သို့ နမာဇ်ဝတ်ပြုရန်မှာလည်း မိမိ၏ အလွန်အရေးကြီးသော တာဝန်ဖြစ်ကြောင်း သတ်မှတ်ထားခဲ့လျှင် ဤသို့သောသူအဖို့ ဂျဟန္နမ် ၏ မီးကို ဟရာမ်အဖြစ် သတ်မှတ်ခြင်းခံရပေမည်။ (မွတ်စ်နဒ်အဟ်မဒ်)
Monday, February 24, 2014
လွတ်ငြိမ်းချမ်းသာခွင့် ကတိတော်
ဟဇရသ် အုဗာဒဧ်ဗင်န်ဆွာမစ်သ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ﷺ) ဤသို့မိန့်တော်မူသည်ကို ကြားခဲ့ရသည်။ အရှင်မြတ်သည် နမာဇ် (၅) ကြိမ်ကို ဖရဇ် မပြုမနေရတာဝန်အဖြစ် သတ်မှတ်ထားပေသည်။ အကြင်သူသည် ၄င်းနမားဇ်များအတွက် ကောင်းမွန်ကျနစွာ ၀ိုဇူရေသန့်စင်သည်။ ၄င်းကို မွတ်စ်သဟဗ်အချိန်၌ ဆောက်တည်သည်။ ရုကုအ် (စဂ်ျဒဟ်) တို့ကိုလည်း အေးဆေး တည်ငြိမ်စွာပြုလုပ်သည်။ ၄င်းနောက် အပြည့်အ၀ ရိုသေမှုပြု၍ ဖတ်သည်။ သို့ရှိရာ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) က ၄င်းသူ၏အပစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ကတိပြုတော်မူသည်။ အကြင်သူသည် နာဇ်ကို အချိန်နှင့်မဖတ်၊ နမာဇ်၏ ရိုသေမှုစည်းကမ်းကိုလည်း မလိုက်နာခဲ့ပါမူ ၄င်းသူအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ကတိတော်မရှိချေ။ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက ပြုလိုက်ပေမည်။ အပြစ်ဒဏ်ပေးလိုကလည်း ပေးပေမည်။ (အဗူဒါဝူဒ်)
Sunday, February 23, 2014
၉။နမာဇီကို မရိုက်နှင့်
ဟဇရသ် အဗူအုမာမဟ် (ရသွေ့) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) သည် ခိုင်ဗရ်မှ ပြန်ကြွလာသောအခါ၍ ကိုယ်တော်မြတ်(ﷺ) နှင့်အတူ ကျွန်နှစ်ယောက် ပါလာခဲ့သည်။ ဟဇရသ်အလီ(ရသွေ့) က ယာရစူလ္လာဟ် (ﷺ) ကျွန်တော်မျိုးအား ဗာဟီရလုပ်ငန်းမျိား ခိုင်းစေရန်အတွက် အခိုင်းအစေတစ်ဦးတစ်ယောက် ချီးမြှင့်တော်မူပါဟု လျှောက်ထားရာ ကိုယ်တော်မြတ် (ﷺ) က ၄င်းတို့နှစ်ဦးအနက် တစ်ဦးကို ယူပါ။ ဟဇရသ်အလီ (ရသွေ့) က ကိုယ်တော် နှစ်သက်ရာကိုသာပေးပါဟု လျှောက်ထားရာ ကိုယ်တော်မြတ် (ﷺ) က ၄င်းတို့အထဲမှ တစ်ယောက်ကို ညွှန်ပြတော်မူ၍ အမိန့်ရှိတော်မူသည်။ ထိုလူကိုယူပါ။ သို့ရာတွင် သူ့အား မရိုက်ပါနှင့်။ အကြောင်းမှာ ခိုင်ဗရ်မှ ပြန်လာစဉ်အခါ၌ ငါကိုယ်တော်သည် ၄င်းသူ နမာဇ် ဖတ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ကျွန်ုပ်ကို နမာဇီအား မရိုက်ရန် တားမြစ်ထားပေသည်။ (မွတ်စ်နဒ်အဟ်မဒ်)
၈ ။ ကြောက်ရွံ့ကြ
ဟဇရသ် အလီ(ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောက်ဆုံးအချိန်၌ ဤသို့မိန့်ကြားတော်မူခဲ့ပေသည်။ နမာဇ် ၊ နမာဇ် ၊ မိမိတို့၏ ကျွန်များ ၎င်းလက်အောက်ငယ်သားများနှင့် ပတ်သတ်၍ကြောက်ရွံ့ကြပါ။ ဆိုလိုသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများ ကို ကျေပွန်ကြပါ။ (အဗူဒါဝူဒ်)
၇ ။ အစ္စလာမ်သာသနာ့တိုင်
ဟဇရသ်အုမရ်(ရဒွိယလ်လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန်.ရှိတော်မူသည်။ နမာဇ်သည် အစ္စလာမ်သာသနာတော်၏တိုင်ဖြစ်သည်။
၆ ။ မျက်စိအေးမြမှု့
ဟဇရသ် အနတ်စ်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန်.ရှိတော်မူသည်။ ငါကိုယ်တော်၏ မျက်လုံးအေးမြမှုသည် နမာဇ်၌ရှိပေသည်။ (နစာအီ)
၅။ ဂျန္နသ်၏ သော့
ဟဇရသ် ဂျာဗိရ်ဗင်န် အဗ်ဒွလ္လာဟ်(ရဒွိယလ်လာဟုအန်ဟု) ဆင်ပြန်.ခဲ့သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန်.ရှိတော်မူသည်။ ဂျန္နတ်၏ သော့တံသည် နမာဇ်ဖြစ်ပေသည်။ ၎င်းနမာဇ်၏ သော့တံသည် ၀ိုဇူဖြစ်ပေသည်။ (မွတ်စ်နဒ်အဟ်မဒ်)
Saturday, February 22, 2014
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားကြ
ဟဇရသ်ကုရ်ရဟ်ဗင်န်ဒအ်မူးဆွ်(ရဒွိယလ်လာဟုအန်ဟု)က ဆင်ပြန်.ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် နောက်ဆုံး ဟဂ်ျ၌ ဆုံစည်းခွင့်ရခဲ့သည်။ ကျွန်ုပ်က လျှောက်ထားသည်။ ယာရစူလလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်တော်မျိုးအား မည်သည့်အရာများနှင့် ပတ်သတ်၍ ဆုံးမစကားမြွက်ကြားလိုပါသနည်း။ ထိုအခါ ရစူရ်ကိုယ်တော်က အသင့်အား ဤအချက်များနှင့် ပတ်သတ်၍ ဆုံးမသတိပေးလိုပါသည်။ ၎င်းမှာ နမာဇ်ကို အပြည့်အ၀ဆောက်တည်ကြ ၊ ဇကာသ်ပေးဆောင်ကြ၊
အရှင့်အိမ်တော်သို့သွား၍ ဟဂ်ျပြုလုပ်ကြ၊ ၎င်းနောက် ရမဇာန်လမြတ်၏ ရိုဇဟ်ကို စောင့်ထိန်းကြ၊၎င်းတွင် ထိုကဲ့သို့သော ညတစ်ည ရှိပေသည်။ ၎င်းသည် လပေါင်းတစ်ထောင်ထက်သာပိုမွန်မြတ်ပေသည်။ မွတ်စ်လင်မ်များ ၎င်းနောက် ဇင်မ်မီ(ကတိခံထားသူ၊အခွန်ဆောင်ထားသူ)များအားသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ဥစ္စာပစ္စည်းများ သိမ်းပိုက်ခြင်းများကို ဟရာမ်(တားမြစ်ထားသောအချက်)အဖြစ်လက်ခံကြ၊ သို့ရာတွင် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့မှု အရှင်မြတ်၏ ပြဌာန်းထားသော ဥပဒေနှင့်အညီ အပြစ်ပေးရမည်။ ၎င်းနောက် အသင့်အား ဆုံးမလိုသည်မှာ အသင်သည် အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ အမိန့်တော်များကို နာခံကျင့်သုံးခြင်းကိုလည်းကောင်း မြဲမြံစွာကိုင်ထားပါ။ ဆိုလိုသည်မှာ မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဇွဲမာန်ဖြင့် အစ္စလာမ်သာသနာ့လုပ်ငန်းများ၌ အရှင်မြတ်မှ လွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်၏ လိုလားနှစ်သက်မှုကို လည်းကောင်း၊ စိတ်ဆိုးမှုကိုလည်းကောင်း ဂရုမစိုက်ဘဲ ကြိုးစားပါ။ (ဗိုင်ဟကီ)
အရှင့်အိမ်တော်သို့သွား၍ ဟဂ်ျပြုလုပ်ကြ၊ ၎င်းနောက် ရမဇာန်လမြတ်၏ ရိုဇဟ်ကို စောင့်ထိန်းကြ၊၎င်းတွင် ထိုကဲ့သို့သော ညတစ်ည ရှိပေသည်။ ၎င်းသည် လပေါင်းတစ်ထောင်ထက်သာပိုမွန်မြတ်ပေသည်။ မွတ်စ်လင်မ်များ ၎င်းနောက် ဇင်မ်မီ(ကတိခံထားသူ၊အခွန်ဆောင်ထားသူ)များအားသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ဥစ္စာပစ္စည်းများ သိမ်းပိုက်ခြင်းများကို ဟရာမ်(တားမြစ်ထားသောအချက်)အဖြစ်လက်ခံကြ၊ သို့ရာတွင် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့မှု အရှင်မြတ်၏ ပြဌာန်းထားသော ဥပဒေနှင့်အညီ အပြစ်ပေးရမည်။ ၎င်းနောက် အသင့်အား ဆုံးမလိုသည်မှာ အသင်သည် အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ အမိန့်တော်များကို နာခံကျင့်သုံးခြင်းကိုလည်းကောင်း မြဲမြံစွာကိုင်ထားပါ။ ဆိုလိုသည်မှာ မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဇွဲမာန်ဖြင့် အစ္စလာမ်သာသနာ့လုပ်ငန်းများ၌ အရှင်မြတ်မှ လွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်၏ လိုလားနှစ်သက်မှုကို လည်းကောင်း၊ စိတ်ဆိုးမှုကိုလည်းကောင်း ဂရုမစိုက်ဘဲ ကြိုးစားပါ။ (ဗိုင်ဟကီ)
Tuesday, February 18, 2014
ဟဒီးဆ်တော်များ
၃။ မွတ်စ်လင်မ်တစ်ယောက်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ် () ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) ထံ ကောင်းကင်တမန်တော်ကြီး
ဂျိဗ်ရာအီးလ်() က သူစိမ်းတစ်ယောက်အသွင်ဖြင့် လာရောက်တွေ့ဆုံ၍ အစ္စလာမ်သာသနာတော်နှင့်ပတ်သက်ပြီး
မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ် (ﷺ) က အမိန့်ရှိတော်မူသည်
အစ္စလာမ်ဟူသည် အသင် (စိတ်နှလုံးဖြင့်လည်းကောင်း၊ နှုတ်လျှာဖြင့်လည်းကောင်း) ဤစကားကို
သက်သေခံခြင်းဖြစ်သည်။ ၄င်းမှာ အရှင်မြတ်မှလွဲ၍ အခြားမည်သူမျှ ကိုးကွယ်ခြင်း ခံထိုက်သူမရှိ၊
မုဟမ္မဒ် (ﷺ)
သည် အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်တော်မူ၏။ နာမဇ်ဝတ်ပြုကြ၊ ဇကာသ်ပေးဆောင်ကြ၊ ဟင်္ဂျနှင့်
အွမ္မရဟ် ပြုလုပ်ကြ၊ ခန္ဓာကိုယ်မသန့်ရှင်းသောအဖြစ်၌ သန့်ရှင်းမှုကို ရယူရန် ရေချိုးကြ
ဝိုဇူ (ခြေလက်သုတ်သင်မှု) ကို ပြည့်ဝစွာပြုလော့၊ ၄င်းနောက် ရမ်ဇာန်လမြတ်၏ ရိုဇဟ် စောင့်ထိန်းကြ၊
ဟဇရသ်ဂျိဗ်ရာအီးလ် () က ဆက်၍မေးမြန်းသည်မှာ အကယ်၍ ကျွန်တော်မျိုး ဤအမလ် ကောင်းမှုအားလုံးကို
လိုက်နာခဲ့ပါက အဘယ်ကျွန်ုပ်သည် မွတ်စ်လင်မ်တစ်ယောက်ဖြစ်ပြီလော၊ ထိုအခါ ကိုယ်တော်မြတ်
(ﷺ) က ဟုတ်ပါသည်ဟု ဖြေကြားတော်မူသည်။ ထိုအခါ
ဂျိဗ်ရာအီးလ် () က ကိုယ်တော်မြတ်သည် အမှန်အတိုင်းအမိန့်ရှိခဲ့ပါသည်ဟု မိန့်ကြားတော်မူသည်။ (အိဗ်နေခိုဇိုင်မဟ်)
ဟဒီးဆ်တော်များ
၂။ ကုန်သည်အဖြစ်အမိန့်ပေး
ဟဇရသ် ဂျုဗိုင်ရ်ဗင်န်နုဖိုင်ရ်() က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) အမိန့်ရှိတော်မူသည် ငါကိုယ်တော်အား ဥစ္စာပစ္စည်း စုဆောင်းရန်နှင့် ကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားသူစြဖ်ရန်ကို အမိန့်ပေးတော် မမူပေ။ သို့ရာတွင် ငါကိုယ်တော်အား မိမိ၏ အရှင်သခင်ကို သတိရရန်၊ ချီးမွမ်းမှုပြုရန်လည်းကောင်း၊ နမာဇ်ဖတ်သူများထဲ၌ ပါဝင်ရန်လည်းကောင်း၊ မိမိ၏ အရှင်သခင်အား ကိုးကွယ်ရာ၌လည်းကောင်း သေဆုံးကွယ်လွန်သည့် အချိန်အထိ လုံးပန်းကြိုးစားရန်ကိုသာ အမိန့်ပေးပါသည်။ (ရှရ်ဟွစ်စွန္နသ်)ဟဒီးဆ်တော်များ
အစ္စလာမ့် အခြေခံတိုင်ငါးလုံး
ဟဇရသ် အဗ်ဒွလ္လာဟ်အိဗ်နေအုမရ် () က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) အမိန့်ရှိတော်မူသည်။ အစ္စလာမ်၏ အခြေခံကို တိုင်ငါးလုံးဖြင့် အခြေတည်ထားသည်။
لاالھ اللھ محمد رسل اللھ (လာအိလာဟအိလလ္လာဟ်) ကို သက်သေခံခြင်း၊ ဤအချက်ကို သက်သေခံခြင်းဆိုသည်မှာ အရှင်မြတ်မှလွဲ၍ အခြားမည်သူမျှ ကိုးကွယ်ခြင်း ခံထိုက်သူအဖြစ်၊ မှီခို အားကိုးထိုက်သူအဖြစ် မရှိ။ ၄င်းနောက် မုဟမ္မဒ် (ﷺ) သည် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော် ဖြစ်ပေသည်။ နမာဇ်ဆောက်တည်ခြင်း၊ ဇကားသ်ပေးဆောင်ခြင်း၊ ဟဂ်ျပြုခြင်း နှင့် ရမ်ဇာန် လမြတ်၏ ရိုဇာဟ်ကို စောင့်ထိန်းခြင်း စသည်တို့ ဖြစ်ပေသည်။ (ဗုခါရီ)
ဟဇရသ် အဗ်ဒွလ္လာဟ်အိဗ်နေအုမရ် () က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) အမိန့်ရှိတော်မူသည်။ အစ္စလာမ်၏ အခြေခံကို တိုင်ငါးလုံးဖြင့် အခြေတည်ထားသည်။
لاالھ اللھ محمد رسل اللھ (လာအိလာဟအိလလ္လာဟ်) ကို သက်သေခံခြင်း၊ ဤအချက်ကို သက်သေခံခြင်းဆိုသည်မှာ အရှင်မြတ်မှလွဲ၍ အခြားမည်သူမျှ ကိုးကွယ်ခြင်း ခံထိုက်သူအဖြစ်၊ မှီခို အားကိုးထိုက်သူအဖြစ် မရှိ။ ၄င်းနောက် မုဟမ္မဒ် (ﷺ) သည် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော် ဖြစ်ပေသည်။ နမာဇ်ဆောက်တည်ခြင်း၊ ဇကားသ်ပေးဆောင်ခြင်း၊ ဟဂ်ျပြုခြင်း နှင့် ရမ်ဇာန် လမြတ်၏ ရိုဇာဟ်ကို စောင့်ထိန်းခြင်း စသည်တို့ ဖြစ်ပေသည်။ (ဗုခါရီ)
ဖရဇ်နမာဇ်များ
(၅) အို…နဗီတမန်တော် အသင်သည် နေ့မွန်းလွဲချိန်မှစ၍ ညအမှောင်ချိန်အထိ နမာဇ် ၀တ်ပြုဆောက်တည်ပါလေ။ ၄င်းပြင် မိုးသောက်ချိန် နမာဇ်ဝတ်ပြုမှုကိုလည်း ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် နမာဇ် ဆောက်တည်မှုသည် (အမလ်များကို မှတ်တမ်းရေးကြကုန်သော) ဖရစ်ရှ်သဟ်များ လာရောက်ကြသော အချိန်ပင် ဖြစ်ပေသည်။ (ကုရ်အာန် ၊ ၁၇း၇၈)
(၆) ထို့ပြင် (ထိုမုအ်မင်န်သက်ဝင်ယုံကြည်) သူတို့သည် မိမိတို့၏ နမာဇ်ဝတ်ပြုမှုတာဝန်ကို မပျက်မကွက် ဆောက်တည်ကြကုန်၏။ (ကုရ်အာန် ၊ ၂၃း၉)
(၇) အို မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ (ဂျုမုအဟ်) သောကြာနေ့တွင် နမာဇ် ၀တ်ပြုအံ့သောငှာ အဖာန်ပေးသောအခါ အသင်တို့သည် အရှင်မြတ်အား တ,သ သတိရရှိရာသို့ အစောတလျင်သွားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရောင်းဝယ်မှုကို စွန့်ကြလေကုန်။ ထိုသည် အသင်တို့ သိရှိထားသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်။ (ကုရ်အာန် ၊ ၆၂း၉)
ဖရပ်ဇ်နမာဇ်များ
ကုရ်အာန် အာယသ်တော်များ
(၃) အို...နဗီတမန်တော် အသင်သည် သက်ဝင်ယံကြည့်ကြကုန်သော ငါအရှင်မြတ်၏ ကျွန်များအား ထိုသူတို့သည် နမာဇ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း ပေးကမ်းစွန်ကြဲ သုံးစွဲကြရမည်ဟု ပြောကြားပါလေ။ ထိုကောင်းမှု၏ ကုန်သွယ်မှုသည် လည်းကောင်း၊ မိတ်ဖွဲရင်းနှီး ကွမ်းဝင်မှုသည်လည်းကောင်း ရှိလိမ့်မည်မဟုတ်သော ထိုနေ့သို့ မဆိုက်ရောက်မီ ပြုကျင့်ကြရပေမည်။ (ကုရ်အာန် ၊ ၁၄း၃၁)(၄) အို ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှငမြတ်၊ ကျွန်တော်မျိုးအား အမြဲတစေ နမာဇ် ၀တ်ပြုသူအဖြစ် တည်စေတော်မူပါ။ ထိုနည်းတူစွာ ကျွန်တော်မျိုး၏ သားမြေးတို့မှလဲ (နမာဇ်ဝတ်ပြုသူများအဖြစ် ပြုပေးသနားတော်မူပါ)။ အို ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏ ဤတောင်းဆုတော်ကို သဘောတူ လက်ခံပေးသနားတော်မူပါ။ (ကုရ်အာန် ၊ ၁၄း၄၀)
Sunday, February 16, 2014
ဖရပ်ဇ်နမာဇ်များ
ကုရ်အာန်၏အာယတ်တော်များ
(၁)'ဧကန်မလွဲ နမာဇ်ဝတ်ပြုမှု.သည် အလွန်စက်ဆုတ်ဖွယ်ရာသောအမှု.ကိစ္စများမှလည်းကောင်း၊မဖွယ်ရာသောအမှု.ကိစ္စများမှလည်းကောင်း ပိတ်ပင်တားဆီးလေသည်။'(ကုရ်အာန်၊ ၂၉း ၄၅)
(၂) 'မုချဧကန် အကြင်သူတို.သည် ယုံကြည်ခြင်းသဒ္ဒါတရားထားရှိကြ၍ ကောင်းသောအကျင့်သီလကိုလည်း ဆောက်တည်ကြကုန်၏။ ထို.ပြင် ယင်းသူတို.သည် နမာဇ်ဝတ်ပြုကြကုန်၏။၎င်းပြင် ထိုသူတို.သည် ဇကားသ်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ၎င်းသူတို.၏ အကျိုးဆုလာဒ်သည် ၎င်းသူတို.အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်၌(အသင့်)ရှိပေ၏။ထို.ပြင် ၎င်းသူတို.အဖို. မည်သည့်စိုးရိမ်ကြောက်ရွံ.ဖွယ်ရာမျှမရှိချေ။ ထို.ပြင် ၎င်းသူတို.သည် ၀မ်းနည်းပူဆွေးကြရမည်လည်းမဟုတ်ချေ။' (ကုရ်အာန်၊ ၂း ၂၇၇)
(၁)'ဧကန်မလွဲ နမာဇ်ဝတ်ပြုမှု.သည် အလွန်စက်ဆုတ်ဖွယ်ရာသောအမှု.ကိစ္စများမှလည်းကောင်း၊မဖွယ်ရာသောအမှု.ကိစ္စများမှလည်းကောင်း ပိတ်ပင်တားဆီးလေသည်။'(ကုရ်အာန်၊ ၂၉း ၄၅)
(၂) 'မုချဧကန် အကြင်သူတို.သည် ယုံကြည်ခြင်းသဒ္ဒါတရားထားရှိကြ၍ ကောင်းသောအကျင့်သီလကိုလည်း ဆောက်တည်ကြကုန်၏။ ထို.ပြင် ယင်းသူတို.သည် နမာဇ်ဝတ်ပြုကြကုန်၏။၎င်းပြင် ထိုသူတို.သည် ဇကားသ်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ၎င်းသူတို.၏ အကျိုးဆုလာဒ်သည် ၎င်းသူတို.အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်၌(အသင့်)ရှိပေ၏။ထို.ပြင် ၎င်းသူတို.အဖို. မည်သည့်စိုးရိမ်ကြောက်ရွံ.ဖွယ်ရာမျှမရှိချေ။ ထို.ပြင် ၎င်းသူတို.သည် ၀မ်းနည်းပူဆွေးကြရမည်လည်းမဟုတ်ချေ။' (ကုရ်အာန်၊ ၂း ၂၇၇)
Tuesday, February 11, 2014
နမာဇ်
မွန်သခဗ်ဟဒီစ်း နမာဇ်
နမာဇ်
အလ္လာဟ်အရှင်မြတ်၏ (ကွတ်ဒ်ရသ်) တန်ခိုးတော်မှ တိုက်ရိုက်အကျိုးအမြတ်ရယူ ခံစားနိုင်စေရန်အတွက် အလ္လာဟ်အရှင်မြတ်၏အမိန်.တော်များကို တမန်တော်မြတ်(ဆွ)၏ နည်းစနစ်အတိုင်း အပြည့်အ၀လိုက်နာကျင့်သုံးရာ၌ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော အမလ်သည်နမာဇ်ပင်ဖြစ်သည်။
နမာဇ်
အလ္လာဟ်အရှင်မြတ်၏ (ကွတ်ဒ်ရသ်) တန်ခိုးတော်မှ တိုက်ရိုက်အကျိုးအမြတ်ရယူ ခံစားနိုင်စေရန်အတွက် အလ္လာဟ်အရှင်မြတ်၏အမိန်.တော်များကို တမန်တော်မြတ်(ဆွ)၏ နည်းစနစ်အတိုင်း အပြည့်အ၀လိုက်နာကျင့်သုံးရာ၌ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော အမလ်သည်နမာဇ်ပင်ဖြစ်သည်။
Subscribe to:
Comments (Atom)